Tuesday, July 29, 2008

ရက်စက်သူတို့

တွေးခဲ့ဖူးတယ်
ငယ်စဉ်အခါက
အချစ်ဆိုတာ
ဇာတ်လိုက်မင်းသား မင်းသမီးတွေမှာပဲ
ရှိလိမ့်မယ်လို့ပေါ့ ။

သိလာရတယ်
ရင်ခုန်တတ်လာတော့
အချစ်ဆိုတာ
လူသားတိုင်းရဲ့ နှလုံးသားထဲမှာ
အချိန်မရွေး ရှင်သန်လာနိုင်တဲ့
မျိုးစေ့လေးဆိုတာကိုပေါ့ ။

ငါ့ရင်ထဲမှာလဲ
ဘယ်တုန်းကလာကြဲသွားမှန်းမသိတဲ့
အချစ်မျိုးစေ့တွေဟာ
မင်းနဲ့တွေ့မှ ရှင်သန်လာခဲ့ရတာပါကွာ...... ။

လွမ်းရုံခြွေ။

No comments: