Thursday, August 21, 2008

ပိုင်ဆိုင်ခွင့်

ချစ်သူ

ဖြားယောင်းမှုတွေ ဘယ်လောက်ရှိရှိ
ခံစားမှုမဲ့တဲ့ မင်းနှလုံးသားကို
ပိုင်ဆိုင်ချင်တယ်။

ချစ်သူ

ဆွဲအားတွေ ဘယ်လောက်ကောင်းကောင်း

လှည့်မကြည့်တတ်တဲ့
မင်းရဲ့စိတ်ကို
ပိုင်ဆိုင်ချင်တယ်။

ချစ်သူ

စကားလုံးတွေ ဘယ်လောက်လှလှ
ရင်မခုန်တတ်တဲ့ မင်းနှလုံးသားကို
ပိုင်ဆိုင်ချင်တယ်။

ချစ်သူ

ချစ်တယ်ဘယ်လောက် ပြောပြော
အယုံအကြည်မရှိတဲ့ မင်းနှလုံးသားကို
ပိုင်ဆိုင်ချင်တယ်။

အမည်သိခေတ်စာဆို

ဟဲဟဲ .... ငွေနှင်းတို့က မျက်နှာပြောင်လိုက်ရမှ နေတာထိုင်တာကိုရှိသွားတာ.... :D
ဒီကဗျာလေးကိုေ၊ရးပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးပါနော်....