Friday, December 14, 2007

ချစ်သူငယ်ချင်းအတွက်

သူငယ်ချင်းတွေနဲ့ ပတ်သတ်တဲ့ စာစုလေးတွေကို အရူးအမူး သဘောကျတတ်တဲ့ ကျွန်မတစ်ယောက်...... ဒီနေ့ဖတ်မိတဲ့ စာရေးဆရာ အတ္တ္တ္တ ကျော်ရဲ့ ချစ်သူငယ်ချင်းအတွက် ဆိုတဲ့ စာအုပ်ထဲက ကျွန်မကြိုက်တာလေးတွေကို.... မျှဝေပေးလိုက်ပါတယ်...

1.Don't walk in front of me,
I may not follow.
Don't walk behind me,
I may not lead.

Walk beside me,
And just be my friend.

2. My friend. You never expect too much of me.
You are glad when i succeed , but failure makes
no difference to you.
You give me all the help you can - but , more importantly, you are simply there.

3. A friend who is a person with whom you dare to be yourself.

4.Two friendship comes when silence between two people is comfortable.

5.A friend hears the song in my heart and sings it to me when my memory fails.

6.Friends do not live in harmony merely, as some say, but in melody.

7.Life is nothing without friendship.

8.I no doubt deserved my enemies, but I don't believe I deserved my friends.

9.God gives us our relatives ; thank God we can choose our friends.

10.The worst solitude is to be destitute of sincere friendship.

11.But every road is rough to me that has no friend to cheer it.

12.A real friend is one who walks in when the rest of the world walks out.

တစ်အုပ်လုံးထဲမှ ကြိုက်နှစ်သက်ရာ Selection လေးတွေပါ.. သဘောကျမယ်ထင်ပါတယ်..... :)





အချစ်

ငါ့နှလုံးသားရဲ့ တံခါးဝမှာ
" ၀င်လမ်းမရှိ " လို့
စာတန်းချိတ်ထားခဲ့တယ်။
" အချစ် " က
ရယ်ရယ်ပြုံးပြုံးနဲ့ ရောက်လာပြီးကြေညာလိုက်တယ်
" ငါကတော့နေရာတကာဝင်တာပဲ " တဲ့.............

လွမ်းရုံခြွေ

အိမ်

ငါ့မှာအိမ်နှစ်လုံးရှိတယ်။
တစ်အိမ်ကတော့ အရမ်းကောင်းပြီး နွေထွေးမှု
အပြည့်ရှိတဲ့
ွ့ငါ့ကိုမွေးဖွားခဲ့တဲ့ အိမ်လေးပေါ့.....................
ဒါပေမယ့်..
ငါ့ရဲ့ နှလုံးသားအိမ်လေးကတော့.....
မင်းကြောင့် ပြိုလဲ သွားခဲ့ပြိကွာ။

ချစ်နှောင်းဝေ

ခေါင်းစဉ်ပေးဖို့ ဆိုတာကို မတွေးမိခဲ့ဘူးဗျာ............

ဆယ်တန်းဖြေပြီး ၄လပိုင်းကတည်းက ရန်ကုန်ရောက်နေတဲ့ ကျွန်မ
အခုတော့ major တွေလဲကျလာပြီမို့
ပြန်ရတော့မယ်.....................
ပြန်ရတော့မယ်ဆိုတော့လည်းရန်ကုန်မြို့ ကြီးကိုပဲ လွမ်းသလိုလို..........
အဆောင်မှာ မတဲ့ပေမယ့် ခင်ရတဲ့ အစ်မတွေကိုပဲ လွမ်းမိသလိုလို......... :D
အစကတော့ ရန်ကုန်ကို မလာချင်ပဲ ရောက်ခဲ့တဲ့ ကျွန်မ .....
အခုတော့ မပြန်ချင်ဖြစ်နေပါပြီ......
အဆိုးဆုံးကတော့ ကျွန်မနဲ့ အတူတူ တစ်ခန်းနေတဲ့ ကျွန်မရဲ့ အစ်မအရင်းနဲ့ ခွဲခွာရတော့မယ်ဆိုတော့....
ဝမ်းနည်းမိတာမှ အရမ်းပဲ॥
ညညဆို ညီမနှစ်ယောက် မအိပ်ဘဲ ပေါက်တတ်ကရတွေပြော ဟာသတွေပြောနဲ့
အဲ့လိုညလေးတွေကိုလည်းလွမ်းတယ်ဗျာ....
စိတ်တိုရင်အော်တတ်တာလေးကလွဲလို့ ကျွန်မအပေါ်ညှာတာပြီး အစ်မကောင်းပြီသတဲ့ ကျွန်မရဲ့ အစ်မ
ညညဆိုပူလို့ စောင်ကန်ပြီး အေးရင်ကွေးကွေးလေး အိပ်တတ်တဲ့ ကျွန်မကို စောင်အမြဲ ခြုံပေးတတ်တဲ့ ကမန်မရဲ့အစ်မ
မိဘကိုစိတ်ချမ်းသာစေချင်တဲ့ ကျွန်မရဲ့ အစ်မကို
ကျွန်မ ဒီဘလော့ကနေ ကန်တော့လိုက်ပါတယ်..................

ငွေနှင်းတိမ်



Sunday, December 9, 2007

နေ့ငယ်

၉ ရက်နေ့..........
မိန်းမပျိုလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာ
အလွမ်းမိုးတွေ သိမ်ငယ်မှုတွေ
ရွာသွန်းလိုက်တဲ့နေ့...............

နှလုံးသားကို
ရက်ရက်စက်စက် ဒဏ်ခတ်ခံလိုက်ရတဲ့
မိန်းမပျိုလေးရယ်.........

မင်းမျက်ဝန်းက
ပြိုကျလာမယ့် မျက်ရည်မိုးတွေကို
ငါ့ကို သုတ်ခွင့်ပေးပါလား........?

မင်းရဲ့
ရီဝေေ၀ မျက်လုံးတွေနဲ့
ဦးတည်ချက်မဲ့နေတဲ့ အကြည့်က
မင်းလေးလောကကြီးကို
အရှုံးပေးလိုက်ပြီဆိုတဲ့ သဘောလား...?

ဖြူစင်တဲ့ မင်းလေး
နောက်တစ်ခါ ဒီလိုမဖြစ်အောင်
ငါဆုတောင်းပေးရုံကလွဲလို့
ဘာမှမတတ်နိင်ခဲ့ဘူး ကောင်မလေးရယ်....

တကယ်တော့ .......
ငါကမင်းကို အဝေးကပဲ
ခိုးကြည့်ခွင့် ရှိခဲံတဲ့ ကောင်လေ......


တေလေ။

Monday, December 3, 2007

လမ်းပြကြယ်

မင်းအချစ်တွေ
ငါ့ကိုလမ်းပြတဲ့အခါ
ငါ့ဘ၀မှာ
သက်တန့် ရောင်စုံဖြတ်သွားရဲ့
ပန်းရောင်စုံပွင့်လေးတွေနဲ့
လေဟာနယ်ကို ကျော်ဖြတ်ရင်း
တိမ်တိုက်လေးတွေနဲ့ အတူ
ပျံသန်းပြီး
ကောင်းကင်ကြီးပေးတဲ့ ရေစင်လေးကိုသောက်
နောက်မှမိုးလင်းမည်လို့ပြောတဲ့ နေမင်းကြီးက
လမင်းလေးကို တာဝန်တွေပေး
ငေးနေတဲ့ ငါ့ကို
ကြယ်လေးတွေလမ်းပြလို့
ကမ္ဘာတစ်ခြမ်းအလှကို ငါခံစားခဲ့ဖူးပြီ........


မေလေး



ကျေးဇူးပဲ ချစ်သူငယ်ချင်း မေလေးရေ..............................................


Friday, November 30, 2007

ငိုရှိုက်သံများနဲ့ ည

ိတ်ဆိတ်နေတဲ့ ညလေးမှာပေါ့
ကိုယ်ချစ်တဲ့ လမင်းလေးကို
အမြတ်တနိုးငေးကြည့်ရင်း
ကမ္ဘာမြေထောင့် တစ်နေရာက ကြားလိုက်ရတဲ့
ငိုရှိုက်သံတွေ.................

မိဘ
ရဲ့ဆန္ဒကို
လိုက်လျောခဲ့ သတိုးသမီးငယ်လေး
တစ်ယောက်ရဲ့ မျက်ရည်..........

ရက်ရက်စက်စက် တုန့်ပြန်တဲ့
သားတစ်ယောက်ကြောင့်
မြေခသွားရတဲ့ မိဘနှစ်ပါးရဲ့ မျက်ရည်........

ဆာလောင်မှုကို
အံကြိတ်ခံနေရတဲ့
အာဖရိကတိုက်က ကလေးငယ်တစ်ယောက်ရဲ့ မျက်ရည်.......

ငြိမ်းချမ်းမှုကို
ငံ့လင့်နေတဲ့
အနောက်တိုင်းသား တစ်ယောက်ရဲ့ မျက်ရည်.......

မျှော်လင့်ချက်အိမ်မက်တွေ
ပြိုပျက်သွားတဲ့
လူငယ်လေးတစ်ယောက်ရဲ့ မျက်ရည်......

ရောထွေးနေတဲ့ မျက်ရည်တွေနဲ့
ငိုရှိုက်သံတွေ ကြားမှာ
ငါသိလိုက်ရတဲ့ အျွှန်တရား တစ်ခုကတော့
တစ်ခါမှ မျက်ရည်မကျဘူးလို့ ထင်ခဲ့တဲ့
ငါ့မှာလဲ
မျက်ရည်တွေနဲ့ ပါလား..............................


ငွေနှင်းတိမ်




ဒီကဗျာကို တစ်စုံတစ်ယောက်ကှို ရည်ရွယ်ပြီး ရေးချင်မဟုတ်ပါ။




Thursday, November 29, 2007

တမ်းတနေ့စွဲ.....

သူငယ်ချင်းရေ.............
မင်းတို့ မှတ်မိသေးရဲ့လား
ငါတို့တွေရဲ့ ကျောင်းသားဘ၀လေးကိုပေါ့
အဲ့ဒီအချိန်တုန်းက ငါတို့တွေရဲ့စိတ်ဓတ်တွေဟာ
ဗလာစာအုပ်ထဲက စာရွက်တွေထက်ဖြူစင်ရှင်းသန့်ကြတယ်နော်.......


သူငယ်ချင်းရေ.............
မင်းတို့ မှတ်မိသေးရဲ့လား
ငါတို့ရဲ့တွဲလက်တွေ
တစ်သက်သာ မဖြုတ်ဘဲ
ခိုင်မြဲကြေးဆိုတဲ့ ကတိတွေကိုလေ........................

သူငယ်ချင်းရေ.............
မင်းတို့ မှတ်မိသေးရဲ့လား
အပူအပင်းတွေ ကင်းပြီး
မာနတွေ... ပြိုင်ဆိုင်မှုတွေ
မရှိသေးတဲ့ ငါတို့ရဲ့ငယ်ဘလေးတွေကိုလေ...................

အခုတော့
ပြန်မရနိုင်တဲ့ ဒီအတိတ်ဟောင်းတွေကို
တမ်းတနေမိတဲ့ ငါကပဲရူးနေတာလား
မင်းတို့ကပဲ ပြောင်းလဲသွားတာလား....................

လောကရဲ့ မာယာတွေအောက်မှာ
ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ဘ၀ကြီးကို
မင်းတိုကပျော်နေတတ်ကြပြီလား.............

ပြိုင်ဆိုင်မှုတွေ
မာနတွေနဲ့ ရင်မောစရာဘ၀ကို
ကျေနပ်နေကြပြီလား.............

မသေချာမရေရာတဲ့ မေးခွန်းတွေနဲ့
မက်ခွင့်မရှိတော့တဲ့ အိမ်မက်ငယ်လေးကို
အခါခါတမ်းတနေမိရင်းနဲ့........
ငါဟာ

လူတွေနဲ့ ဝေးရာကို ရွက်လွှင့်ဖို့
ကြိုးစားနေဆဲ......................................

တေလေ

Friday, November 9, 2007

ရှုံးနိမ့်ခြင်း

နှလုံးသားကို စတေးပြီး
အသက်နဲ့ ရင်းခဲ့ ရတဲ့
ဒီကစားပွဲမှာ
အောင်နိုင်သူ အပြုံးကို ဆင်းမြန်းနိုင်ခဲ့သူဟာ
မင်းဆိုပေမဲ့
ငါနည်းနည်းလေးမှ နောင်တမရခဲ့ပါဘူး။
တကယ်တော့ ....................
ငါဆိုတဲ့ ကောင်ဟာ
ပွဲမစခင်က
အရှုံးပေးချင်နေခဲ့သူပါ.... ချစ်သူ......


တေလေ

Saturday, October 27, 2007

Funny

ဟာသလေးပါ။


Justifiable Homicide

Sarah walked into a pharmacy and told the pharmacist she needed some cyanide.

The Pharmacist said, "Why in the world do you need cyanide?" Sarah explained she needed it to poison her husband.

The pharmacist's eyes got big and he said, "Lord, have mercy. I can't give you cyanide to kill your husband! That's against the law! I'll lose my license; they'll throw us in jail....bad things will happen! Absolutely not, you can NOT have any cyanide!"

Sarah reached into her purse and pulled out a picture of her husband in bed... with the pharmacist's wife.

The pharmacist looked at the picture and replied, "Well, now. You didn't tell me you had a prescription."

Age Cruise

A man and his wife, now in their 60's, were celebrating their 40th wedding anniversary. On their special day a good fairy came to them and said that because they had been such a devoted couple she would grant each of them a very special wish. The wife wished for a trip around the world with her husband. Whoosh! Immediately she had airline/cruise tickets in her hands. The man wished for a female companion 30 years younger...

Whoosh... immediately he turned ninety!!!

Yo mama so ugly...

Yo mama so ugly just after she was born, her mother said "What a treasure!" and her father said "Yes, let's go bury it."

Disqualified...

Do you know why Schumacher was disqualified from race in Australia? His blood test showed gasoline positive...

Thursday, October 25, 2007

သူငယ်ချင်းများထံသို့ ...........


လွန်ခဲ့တဲ့ သုံးနှစ်က သိပ်ချစ်ခဲ့ ကြတဲ့ ကျွန်မတို့ ချစ်သူငယ်ချင်း လေးယောက်ဟာ အခုချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝေးနေကြပါတယ်။ဒီကြားထဲ ကံကြမ္မာ လေမုန်တိုင်း ထန်ခဲ့လို့ တစ်ယောက်နဲ့ တစ်ယောက် အထင်တွေလွဲပြီး အမုန်းတွေဟာ ချစ်ခြင်းအစား ၀င်ရောက်လာပါတော့တယ်။ မာနတွေကလည်း အမုန်းတွေကို ထောက်ခံပေးနေ ကြတယ်လေ။ ကိုယ်ကဘာ ပြနာမှ မဖြစ်ပေမဲ့ သူတို့ကို ၀င်မရှင်းပေး နိုင်လို့လဲ တော်တော်စိတ်မကောင်း ဖြစ်မိတယ်။ဒါကြောင် သူခယ်ချင်းတို့ရေ မာနတွေ ခွာချပြီး ခင်မင်ခဲ့ဖူးတာတွေကို ပြန်လည် စာနာထောက်ထားကြပါဦးလို့ ငါဒီကနေ တောင်းဆိုလိုက်ပါတယ်..................

Monday, October 22, 2007

အမည်မသိ ခေါင်းစဉ်မရှိ

အမည်မသိနိုင်တဲ့ အရာတွေက
ငါ့ကိုနှိပ်စက်နေကြတယ်
ငါ့စိတ်ဓာတ်တွေကို ဆွဲချနေကြတယ်
ငါ့ကိုလှောင်ရယ်နေကြတယ်
ငါ့မျက်ရည်တွေကို ဥပေက္ခာ ပြုထားကြတယ်
ဒါပေမယ့် သူတို့မှာ ခေါင်းစဉ်မရှိဘူး................

တေလေ

လွင့်မျောမှု

ကောင်းကင်ကြီးရယ်
မိုးစက်တွေကို ခပ်ကြမ်းကြမ်း
ရွာခှခိုင်းလိုက်စမ်းပါ.....
ငါ့ရဲ့သောကတွေ
ငါ့ရဲ့ခံစားချက်တွေကို
တိုက်စားခိုင်းလိုက်စမ်းပါ
တစ်ခါတစ်လေမှာတော့
ငါလည်းခံစားချက် ကင်းမဲ့သူ ဖြစ်ချင်လွန်းလို့ပါ.............

တေလေ

Saturday, October 20, 2007

သတိရမိပါတယ်




ကျွန်မကို မွေးဖွားခဲ့တာကတော့ တောင်ပေါ်မြို့လေး တစ်မြို့ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လေးမှာပါ။ ဆောင်းနှင်းတွေ ဝေနေတဲ့ နိုဝင်ဘာလ လေးမှာပါ။ ဆောင်းတွင်းမှာ မွေးခဲ့လို့ပဲလားတော့
မပြောတတ်ဘူး.... ဆောင်းရနံ့တွေကို မြတ်နိုးမိတာကတော့ အ မှန်ပဲ။ အခုလိုကိုယ့်မြို့နဲ့ ကိုယ်ဝေးနေတဲ့ အချိန်မှာတော့ ချမ်းချမ်းအေးအေး ရာသီဥတုကြားမှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြိုဆိုတတ်တဲ့ ဇာတိမြေလေးကို အလွန်ပဲသတိရမိပါတယ်။လွမ်းရအောင်လည်း သာယာလွန်းတဲ့ မြို့လေးပါ။ ဒါကြောင့် ဝေေ၀ဆာဆာနဲ့ သာယာလှပနေတဲ့ ကျွန်မတို့ ရှမ်းပြည်လေးကို သူခယ်ချင်းတို့ လာခဲ့ဖို့ အပြုံးနဲ့ ဖိတ်ခေါ် လိုက်ပါတယ်..........

Thursday, October 18, 2007

ဆုလဒ်

လောကကြီးမှာ လူတိုင်းအတွက်
ထိုက်တန်တဲ့ ရလဒ်တွေ ရှိနေဆဲပါ
ချစ်သူ..........
မချစ်တတ်တဲ့ ငါ့အတွက်တော့
အလွမ်းဆိုတာ အကောင်းဆုံး
ဆုလဒ်တွေပဲပေါ့။



ငွေနှင်းတီမ်။

လမင်းအိမ်


လမင်းအိမ်ဆိုတဲ့ ဒီ Blog ထဲ ချစ်သူငယ်ချင်းတို့ အားလုံးရဲ့ ကဗျာတွေ၊ခံစားချက်တွေ ရေးနိုင်ပါတယ်.... ကျွန်မငွေနှင်းတိမ်နဲ့ အတူ ချစ်သူငယ်ချင်းတို့ရဲ့ ကဗျာတွေ၊ခံစားချက်တွေ ကိုပါရေးထားပါတယ်။အိမ်လေးတစ်လုံးလို စုစုစည်းစည်းလေးပါ။ လမင်းလို အေးချမ်းမှုတွေကို ပေးချင်လို့ လမင်းအိမ်ဆိုတဲ့ နာမည်လေး ပေးခဲ့တာပါ။Blogger ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ။
ဆက်လက်အားပေး ကြပါဦး..။

Tuesday, October 16, 2007

How to say I Love You in 100 Languages

Metacafe ထဲကရလာတာလေးပါပဲ။သဘောကြမယ်ထင်ပါတယ်။



English - I love you

Afrikaans - Ek het jou lief

Albanian - Te dua

Arabic - Ana behibak (to male)

Arabic - Ana behibek (to female)

Armenian - Yes kez sirumen

Bambara - M'bi fe

Bengali - Ami tomake bhalobashi (pronounced: Amee toe-ma-kee bhalo-bashee)

Belarusian - Ya tabe kahayu

Bisaya - Nahigugma ako kanimo

Bulgarian - Obicham te

Cambodian - Soro lahn nhee ah

Cantonese Chinese - Ngo oiy ney a

Catalan - T'estimo

Cherokee - Tsi ge yu i (Thanks Nancy!)

Cheyenne - Ne mohotatse

Chichewa - Ndimakukonda

Corsican - Ti tengu caru (to male)

Creol - Mi aime jou

Croatian - Volim te

Czech - Miluji te

Danish - Jeg Elsker Dig

Dutch - Ik hou van jou

Elvish - Amin mela lle (from The Lord of The Rings, by J.R.R. Tolkien)

Esperanto - Mi amas vin

Estonian - Ma armastan sind

Ethiopian - Afgreki'

Faroese - Eg elski teg

Farsi - Doset daram

Filipino - Mahal kita

Finnish - Mina rakastan sinua

French - Je t'aime, Je t'adore

Frisian - Ik h? fan dy

Gaelic - Ta gra agam ort

Georgian - Mikvarhar

German - Ich liebe dich

Greek - S'agapo

Gujarati - Hoo thunay prem karoo choo

Hiligaynon - Palangga ko ikaw

Hawaiian - Aloha Au Ia`oe

Hebrew (Thanks Lilach)

Hebrew to male: "ani ohev otcha" (said by male) "Ohevet ot'cha" (said by female)

Hebrew to female: "ani ohev otach" (said by male) "ohevet Otach" (said by female) Hiligaynon - Guina higugma ko ikaw

Hindi - Hum Tumhe Pyar Karte hae

Hmong - Kuv hlub koj

Hopi - Nu' umi unangwa'ta

Hungarian - Szeretlek(Thanks D??)

Icelandic - Eg elska tig

Ilonggo - Palangga ko ikaw

Indonesian - Saya cinta padamu

Inuit - Negligevapse

Irish - Taim i' ngra leat

Italian - Ti amo

Japanese - Aishiteru

Kannada - Naanu ninna preetisuttene

Kapampangan - Kaluguran daka

Kiswahili - Nakupenda

Konkani - Tu magel moga cho

Korean - Sarang Heyo

Latin - Te amo

Latvian - Es tevi miilu

Lebanese - Bahibak

Lithuanian - Tave myliu

Luxembourgeois - Ech hun dech g?

Macedonian - Te Sakam

Malay - Saya cintakan mu / Aku cinta padamu

Malayalam - Njan Ninne Premikunnu

Maltese - Inhobbok

Mandarin Chinese - Wo ai ni

Marathi - Me tula prem karto

Mohawk - Kanbhik

Moroccan - Ana moajaba bik

Nahuatl - Ni mits neki

Navaho - Ayor anosh'ni

Norwegian - Jeg Elsker Deg

Pandacan - Syota na kita!!

Pangasinan - Inaru Taka

Papiamento - Mi ta stimabo

Persian - Doo-set daaram

Pig Latin - Iay ovlay ouyay

Polish - Kocham Ciebie

Portuguese - Eu te amo

Romanian - Te iubesc

Russian - Ya tebya liubliu

Scot Gaelic - Tha gra\dh agam ort

Serbian - Volim te

Setswana - Ke a go rata

Sign Language - ,\,,/ (represents position of fingers when signing'I Love You')

Sindhi - Maa tokhe pyar kendo ahyan

Sioux - Techihhila

Slovak - Lu`bim ta

Slovenian - Ljubim te

Spanish - Te quiero / Te amo

Swahili - Ninapenda wewe

Swedish - Jag alskar dig

Swiss-German - Ich lieb Di

Surinam - Mi lobi joe

Tagalog - Mahal kita

Taiwanese - Wa ga ei li

Tahitian - Ua Here Vau Ia Oe

Tamil - Nan unnai kathalikaraen

Telugu - Nenu ninnu premistunnanu

Thai - Chan rak khun (to male)

Thai - Phom rak khun (to female)

Turkish - Seni Seviyorum

Ukrainian - Ya tebe kahayu

Urdu - mai aap say pyaar karta hoo

Vietnamese - Anh ye^u em (to female)

Vietnamese - Em ye^u anh (to male)

Welsh - 'Rwy'n dy garu di

Yiddish - Ikh hob dikh

Yoruba - Mo ni fe

ညီမလေးရေ..............

ညိမတစ်ယောကို သိပ်ချစ်တဲ့ အကိုတစ်ယောက်ရဲ့ ခံစားချက်တွေကလည်း...........


ကျောင်းသွားတော့မဲ့
ညီမလေးရဲ့ လွယ်အိတ်ထဲက
နာကျင်မှုတွေ ထွက်ကျလာတယ် ။

ခြေချောင်းရာ ချိုင့်ခွက်
ပုပျတ်ပျတ် ကြက်ပေါင်ဖိနပ်လေးရဲ့
သေးငယ်တဲ့ မျက်နှာလေးပါတယ် ။
 
အရောင်လွင့် နွမ်းကြေ
ဖျော့တော့နေပြီဖြစ်တဲ့
ကျောင်းစိမ်းလုံချည်ကလေးရဲ့
နွမ်းလျတဲ့ အသံလေးပါတယ် ။

နေစား ..လေစား
ကံကြမ္မာစားထားတဲ
ပါးပါးလျလျ ရင်စေ့အင်္ကျီဖြူလေးရဲ့
ကြေကွဲတဲ့ ရှိုက်သံလေးပါတယ် ။

အဖုန်းမခိုင့်တခိုင်
စာမျက်နှာ (၈၀) မပြည့်ရှာဘဲ
မျဉ်းဖြောင့်တစ်ကြောင်းကိုတောင်
ပီပြင်အောင် အနိုင်နိုင်
ဆက်ထားရရှာတဲ့
စုပေါင်းစပ်ပေါင်း
ဗလာစာအုပ်အနွမ်းလေးရဲ့
ပူဆွေးတဲ့ သောကမီးတောက်တွေ ပါတယ် ။

အို.. စုံလို့ပါပဲလားကွယ်
နောက်ဆုံး..
အဲဒီ အရာတွေအားလုံးကိ
သိမ်းထုပ်လို့
တာကျိုးသလို ငိုချလိုက်တဲ့
စွတ်စိုပူနွေး မျက်ရည်စတွေဟာ
အစ်ကိုကြီးရဲ့ ရင်ကို
ထိမှန်စေခဲ့တယ် ။

ညီမလေးရေ..
အရွယ်ရောက်
ယောက်ျားလေးတစ်ယောက်ရဲ့
၂၁ နှစ်ဆိုတဲ့ မှတ်တိုင်ကို
လွယ်အိတ်ကလေးက
လာနှဲ့နေပြီလေ
မှတ်တိုင်ကလည်း မခိုင့်တခိုင်မိ
တလှုပ်လှုပ်ပေါ့ ။

ညီမလေးရေ..
" ငါအကြီးပါလား " ဆိုတဲ့ အသိ
" အစ်ကိုကြီး " ဆိုတဲ့ ဂုဏ်ပုဒ်
တလှုပ်လှုပ် တနဲ့နဲ့ ဖြစ်လို့မှ
မရဘဲလေ
မားမားမတ်မတ် ရပ်တည်
ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်
ညီမလေးရဲ့ ဘ၀တစ်လျှောက်လုံး
အခြေလှ ဝေပြနိုင်ဖို့
အစ်ကိုကြီးရဲ့ လုပ်အားတွေကို ခြွေချ
ကြွေပြရဲရမှာပေါ့ကွယ်.. ။

ညီမလေးရေ..
ဘာကိုအားငယ်ရမှာလဲ
ဘာကိုကြောက်လန့်ရမှာလဲ
ကျောင်းကိုသာ ရဲရဲကြီးသွားပါလေ
ပညာသင်ပါ ပျော်ရွှင်ပါ
ကြိုးစားပါ လွတ်လပ်ပေါ့ပါးစွာနေပါ
ရိုးဖြောင့်ပါ အစဉ်သဖြင့်
ရိုးဖြောင့်လိုက်စမ်းပါ
ဒီမယ်.. ကြည့်ကွဲ့
ညီမလေးရဲ့ လွယ်အိတ်ထဲ
ပျော်ရွှင်ကြည်နူးစရာတွေ
အပြည့်အသိပ်
မဖိတ်မစင် အစ်ကိုကြီး
ထည့်ပေးလိုက်ပါရ
၀၀လင်လင် စားသုံးပြီး
ညီမလေး ကျန်းခန့်သာ၍
မာပါစေသား ။



Nanda

ပေးဆပ်မျု

ကိုယ် မျက်ရည်ကျမှ မင်း က ပျော်မှာလား.....
ဒါဆိုရင် မင်းတစ်သက်လုံး ပျော်နေနိုင်အောင်.........
ကိုယ်တစ်သက်လုံး ငိုနေပေးပါ့မယ်
မင်း ရဲ့ အတ္တ နဲ့ မာန တွေရဲ့အောက်မှာပေါ့........။

Nanda

လေလွင့်ခြင်း


ခြောက်ကပ်နေတဲ့ နေ့တစ်နေ့
တိတ်ဆိတ်နေတဲ့ ညတစ်ည......
မသွားတော့တဲ့ လမ်းတစ်လမ်း
မထိုင်တော့တဲ့ ဆိုင်တစ်ဆိုင်....
မတီးတော့တဲ့ ဂစ်တာတစ်လက်
ဒါတွေဟာ မင်းမရှိတော့လို့လားကွယ်။

နွယ်

သောက

ကျွန်မရဲ့ ချစ်သူငယ်ချင်း မေလေး ရေးထားတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကျွန်မအကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်
ဆိုလည်း မမှားပါဘူး။......


ကြေကွဲသောက
ဖန်မှန်စနှယ်
တင်းကြပ်ရစ်ချည
ဝမ်းနည်းသည်ဆို
မငိုပဲ..................
ရင်ထဲဆို့နစ်
ခံစား၏................................။

လေလွင်ရိုး

ကဗျာနှင့် ကျွန်တော်


တစ်ယောက်တည်း
ကြိတ်မှိတ်ခံစားရတဲ့
အခါတိုင်း..ခံစားချက်တွေကို
တစ်နေရာရာမှာ
သိမ်းဆည်းထားဖြစ်ခဲ့တယ်.......
ကြာလာတော့လည်း
ကဗျာတွေလို့ဆိုရမလား..................


Nanda

Is that love?

Metacafe ထဲကရလာခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။မိဘတွေ သားသမိးအပေါ် ထားရှိတဲ့ ချစ်ခြင်းကို တွေ့မြင်နိုင်ပါတယ်။ မိဘတို့ သားသမီးအပေါ် နောက်ဆုံးအချိန်ထိ အနစ်နာ ခံတတ်ကြေင်းကို ပြောပြနေတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ.......



A long time ago,there was a huge apple tree.A little boy loved to come and play around it everyday.He climbed to the treetop,ate the apples,took a nap under the shadow.He loved the tree and the tree loved to play with him.
Time went by, the little boy had grown up.And he no longer played around the tree everyday.One day the boy came back to the tree and he looked sad."Come and play with me," the tree asked the boy."I am no longer a kid,I do not play around trees any more,"the boys replied. "T want toys.I need money to buy them."Sorry, i do not have money .But you can pive all my apples and sale them.So, you have money."the boy was so excited.The boy grabed all the apple on the tree and left happily.The boy never came back after he picked the apples. The tree was sad.
One day, the boy who now turned into a man returnes.And the tree was excited."come and play with me"the tree said."I have no time to play. I have to work for my family.We need a house for shelter.can you help me?"........
Sorry! I do not have any house.but you can chop my branches to build your house." So the man cut all the branches of the tree and left happily.The tree was gld to see him happy. But the man never come back then since.The tree was again lonely and sad.
One hot summer day.The man returned and the tree was delighted."come and play with me." the tree said."I an getting old.I want to go sailing to relex myself.Can you give me a boat?" said the man.Use my trunk to build your boat.You can sail far away and be happy."
So the man cut the tree trunk to made a boat.He went sailing and never showed up for a long time.Finally, the man returned after many years.
"Sorry my boy.But I do not have anything for you anymore.No more apples for you." the tree said."No problem i do not have teeth to bite," replied the man."No more trunk for you to climb on."... " I am too old for that now,"the man said. "I really can not give you anything.The only thing left is my dying root," the tree said with teers. "I do not need much now,just a place to rest.I am tired after all these years."the man replied.
"Good! old tree roots are the best place to lean on and rest.Come,come sit down with me and rest." The man sat down and the tree and the tree was glad and smiled with tears.


THIS IS YOU AND THE TREE IS YOUR PARENTS!!!!!!




ဒီပုံပြင်လေးဇတ်ပြီး ကျွန်မ ရင်ထဲမကောင်း ဇြစ်မိပါတယ်။ အစုန်သာ ရှိပြီးအဆန် မရှိတဲ့ နိယာမကြီးကို ကျော်လွန်ပြီး ကျွန်မက အဆန်ရေ ဇြစ်နိုင်ပမလား.........?