Wednesday, June 18, 2008

ွနှစ်ချို့တေး

ပြန်တွေးလိုက်တိုင်း
ဟောင်းနွမ်းမသွားသေးတဲ့
အလွမ်းဇတ်လမ်းလေး တစ်ပုဒ်ပါ။

ချစ်သူကို
စွန့်လွှတ်လိုက်ရတဲ့အပြင်
လူတွေအမြင်မှာ
ဗီလိန်ဖြစ်ခဲ့ရတဲ့ ငါဟာ
အရှုံးနှစ်ခုကို ပိုင်ဆိုင်ရပေမဲ့
နင့်ကို မမုန်းရက်
မမေ့ရက်နိုင်ခဲ့တာ
ငါ့အတွက်
နှစ်ချို့ အလွမ်းတေး တစ်ပုဒ်လို
ရင်ကိုလာလာ ရိုက်ခတ်နေတာ
နှစ်ချို့နေပြီချစ်သူ။



အလင်းရိပ်။