Friday, December 14, 2007

ချစ်သူငယ်ချင်းအတွက်

သူငယ်ချင်းတွေနဲ့ ပတ်သတ်တဲ့ စာစုလေးတွေကို အရူးအမူး သဘောကျတတ်တဲ့ ကျွန်မတစ်ယောက်...... ဒီနေ့ဖတ်မိတဲ့ စာရေးဆရာ အတ္တ္တ္တ ကျော်ရဲ့ ချစ်သူငယ်ချင်းအတွက် ဆိုတဲ့ စာအုပ်ထဲက ကျွန်မကြိုက်တာလေးတွေကို.... မျှဝေပေးလိုက်ပါတယ်...

1.Don't walk in front of me,
I may not follow.
Don't walk behind me,
I may not lead.

Walk beside me,
And just be my friend.

2. My friend. You never expect too much of me.
You are glad when i succeed , but failure makes
no difference to you.
You give me all the help you can - but , more importantly, you are simply there.

3. A friend who is a person with whom you dare to be yourself.

4.Two friendship comes when silence between two people is comfortable.

5.A friend hears the song in my heart and sings it to me when my memory fails.

6.Friends do not live in harmony merely, as some say, but in melody.

7.Life is nothing without friendship.

8.I no doubt deserved my enemies, but I don't believe I deserved my friends.

9.God gives us our relatives ; thank God we can choose our friends.

10.The worst solitude is to be destitute of sincere friendship.

11.But every road is rough to me that has no friend to cheer it.

12.A real friend is one who walks in when the rest of the world walks out.

တစ်အုပ်လုံးထဲမှ ကြိုက်နှစ်သက်ရာ Selection လေးတွေပါ.. သဘောကျမယ်ထင်ပါတယ်..... :)





အချစ်

ငါ့နှလုံးသားရဲ့ တံခါးဝမှာ
" ၀င်လမ်းမရှိ " လို့
စာတန်းချိတ်ထားခဲ့တယ်။
" အချစ် " က
ရယ်ရယ်ပြုံးပြုံးနဲ့ ရောက်လာပြီးကြေညာလိုက်တယ်
" ငါကတော့နေရာတကာဝင်တာပဲ " တဲ့.............

လွမ်းရုံခြွေ

အိမ်

ငါ့မှာအိမ်နှစ်လုံးရှိတယ်။
တစ်အိမ်ကတော့ အရမ်းကောင်းပြီး နွေထွေးမှု
အပြည့်ရှိတဲ့
ွ့ငါ့ကိုမွေးဖွားခဲ့တဲ့ အိမ်လေးပေါ့.....................
ဒါပေမယ့်..
ငါ့ရဲ့ နှလုံးသားအိမ်လေးကတော့.....
မင်းကြောင့် ပြိုလဲ သွားခဲ့ပြိကွာ။

ချစ်နှောင်းဝေ

ခေါင်းစဉ်ပေးဖို့ ဆိုတာကို မတွေးမိခဲ့ဘူးဗျာ............

ဆယ်တန်းဖြေပြီး ၄လပိုင်းကတည်းက ရန်ကုန်ရောက်နေတဲ့ ကျွန်မ
အခုတော့ major တွေလဲကျလာပြီမို့
ပြန်ရတော့မယ်.....................
ပြန်ရတော့မယ်ဆိုတော့လည်းရန်ကုန်မြို့ ကြီးကိုပဲ လွမ်းသလိုလို..........
အဆောင်မှာ မတဲ့ပေမယ့် ခင်ရတဲ့ အစ်မတွေကိုပဲ လွမ်းမိသလိုလို......... :D
အစကတော့ ရန်ကုန်ကို မလာချင်ပဲ ရောက်ခဲ့တဲ့ ကျွန်မ .....
အခုတော့ မပြန်ချင်ဖြစ်နေပါပြီ......
အဆိုးဆုံးကတော့ ကျွန်မနဲ့ အတူတူ တစ်ခန်းနေတဲ့ ကျွန်မရဲ့ အစ်မအရင်းနဲ့ ခွဲခွာရတော့မယ်ဆိုတော့....
ဝမ်းနည်းမိတာမှ အရမ်းပဲ॥
ညညဆို ညီမနှစ်ယောက် မအိပ်ဘဲ ပေါက်တတ်ကရတွေပြော ဟာသတွေပြောနဲ့
အဲ့လိုညလေးတွေကိုလည်းလွမ်းတယ်ဗျာ....
စိတ်တိုရင်အော်တတ်တာလေးကလွဲလို့ ကျွန်မအပေါ်ညှာတာပြီး အစ်မကောင်းပြီသတဲ့ ကျွန်မရဲ့ အစ်မ
ညညဆိုပူလို့ စောင်ကန်ပြီး အေးရင်ကွေးကွေးလေး အိပ်တတ်တဲ့ ကျွန်မကို စောင်အမြဲ ခြုံပေးတတ်တဲ့ ကမန်မရဲ့အစ်မ
မိဘကိုစိတ်ချမ်းသာစေချင်တဲ့ ကျွန်မရဲ့ အစ်မကို
ကျွန်မ ဒီဘလော့ကနေ ကန်တော့လိုက်ပါတယ်..................

ငွေနှင်းတိမ်



Sunday, December 9, 2007

နေ့ငယ်

၉ ရက်နေ့..........
မိန်းမပျိုလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာ
အလွမ်းမိုးတွေ သိမ်ငယ်မှုတွေ
ရွာသွန်းလိုက်တဲ့နေ့...............

နှလုံးသားကို
ရက်ရက်စက်စက် ဒဏ်ခတ်ခံလိုက်ရတဲ့
မိန်းမပျိုလေးရယ်.........

မင်းမျက်ဝန်းက
ပြိုကျလာမယ့် မျက်ရည်မိုးတွေကို
ငါ့ကို သုတ်ခွင့်ပေးပါလား........?

မင်းရဲ့
ရီဝေေ၀ မျက်လုံးတွေနဲ့
ဦးတည်ချက်မဲ့နေတဲ့ အကြည့်က
မင်းလေးလောကကြီးကို
အရှုံးပေးလိုက်ပြီဆိုတဲ့ သဘောလား...?

ဖြူစင်တဲ့ မင်းလေး
နောက်တစ်ခါ ဒီလိုမဖြစ်အောင်
ငါဆုတောင်းပေးရုံကလွဲလို့
ဘာမှမတတ်နိင်ခဲ့ဘူး ကောင်မလေးရယ်....

တကယ်တော့ .......
ငါကမင်းကို အဝေးကပဲ
ခိုးကြည့်ခွင့် ရှိခဲံတဲ့ ကောင်လေ......


တေလေ။

Monday, December 3, 2007

လမ်းပြကြယ်

မင်းအချစ်တွေ
ငါ့ကိုလမ်းပြတဲ့အခါ
ငါ့ဘ၀မှာ
သက်တန့် ရောင်စုံဖြတ်သွားရဲ့
ပန်းရောင်စုံပွင့်လေးတွေနဲ့
လေဟာနယ်ကို ကျော်ဖြတ်ရင်း
တိမ်တိုက်လေးတွေနဲ့ အတူ
ပျံသန်းပြီး
ကောင်းကင်ကြီးပေးတဲ့ ရေစင်လေးကိုသောက်
နောက်မှမိုးလင်းမည်လို့ပြောတဲ့ နေမင်းကြီးက
လမင်းလေးကို တာဝန်တွေပေး
ငေးနေတဲ့ ငါ့ကို
ကြယ်လေးတွေလမ်းပြလို့
ကမ္ဘာတစ်ခြမ်းအလှကို ငါခံစားခဲ့ဖူးပြီ........


မေလေး



ကျေးဇူးပဲ ချစ်သူငယ်ချင်း မေလေးရေ..............................................