Friday, November 9, 2007

ရှုံးနိမ့်ခြင်း

နှလုံးသားကို စတေးပြီး
အသက်နဲ့ ရင်းခဲ့ ရတဲ့
ဒီကစားပွဲမှာ
အောင်နိုင်သူ အပြုံးကို ဆင်းမြန်းနိုင်ခဲ့သူဟာ
မင်းဆိုပေမဲ့
ငါနည်းနည်းလေးမှ နောင်တမရခဲ့ပါဘူး။
တကယ်တော့ ....................
ငါဆိုတဲ့ ကောင်ဟာ
ပွဲမစခင်က
အရှုံးပေးချင်နေခဲ့သူပါ.... ချစ်သူ......


တေလေ