Saturday, June 28, 2008

ကောင်လေးသို့

မဆုံရတဲ့နေ့တွေမှာ
အလွမ်းစိတ်တွေ အုံ့မှိုင်းလို့
ငေးငေးငိုင်ငိုင် နဲ့ပေါ့.......

ဆုံရတဲ့နေ့တွေမှာလည်း
ထိန်းမရတဲ့
ရင်ခုန်သံ စည်းချက်တွေနဲ့
မင်းမျက်နှာကို ခိုးခိုးကြည့်ခဲ့ရတာ
အမောပဲ ကောင်လေးရေ......

မင်းရဲ့ အပြုံးလေးတွေကို
အိမ်မက်ထဲအထိ
လက်ဆောင်အဖြစ် ယူသွားချင်လို့
မင်းရဲ့ စာသင်ခန်းဘေးမှာ
စွန်တစ်ကောင်လို ရစ်ဝဲနေတတ်တဲ့
ကောင်မလေး တစ်ယောက်ရဲ့
မျက်ဝန်းတွေကို
မင်းက ဥပေက္ခာ ပြုနိုင်ပေမဲ့လည်း
ကောင်မလေးက
ကျေနပ်နေတတ်ခဲ့ပါတယ်
ကောင်လေးရေ။


အလင်းရိပ်။