Monday, December 3, 2007

လမ်းပြကြယ်

မင်းအချစ်တွေ
ငါ့ကိုလမ်းပြတဲ့အခါ
ငါ့ဘ၀မှာ
သက်တန့် ရောင်စုံဖြတ်သွားရဲ့
ပန်းရောင်စုံပွင့်လေးတွေနဲ့
လေဟာနယ်ကို ကျော်ဖြတ်ရင်း
တိမ်တိုက်လေးတွေနဲ့ အတူ
ပျံသန်းပြီး
ကောင်းကင်ကြီးပေးတဲ့ ရေစင်လေးကိုသောက်
နောက်မှမိုးလင်းမည်လို့ပြောတဲ့ နေမင်းကြီးက
လမင်းလေးကို တာဝန်တွေပေး
ငေးနေတဲ့ ငါ့ကို
ကြယ်လေးတွေလမ်းပြလို့
ကမ္ဘာတစ်ခြမ်းအလှကို ငါခံစားခဲ့ဖူးပြီ........


မေလေး



ကျေးဇူးပဲ ချစ်သူငယ်ချင်း မေလေးရေ..............................................