Sunday, December 9, 2007

နေ့ငယ်

၉ ရက်နေ့..........
မိန်းမပျိုလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာ
အလွမ်းမိုးတွေ သိမ်ငယ်မှုတွေ
ရွာသွန်းလိုက်တဲ့နေ့...............

နှလုံးသားကို
ရက်ရက်စက်စက် ဒဏ်ခတ်ခံလိုက်ရတဲ့
မိန်းမပျိုလေးရယ်.........

မင်းမျက်ဝန်းက
ပြိုကျလာမယ့် မျက်ရည်မိုးတွေကို
ငါ့ကို သုတ်ခွင့်ပေးပါလား........?

မင်းရဲ့
ရီဝေေ၀ မျက်လုံးတွေနဲ့
ဦးတည်ချက်မဲ့နေတဲ့ အကြည့်က
မင်းလေးလောကကြီးကို
အရှုံးပေးလိုက်ပြီဆိုတဲ့ သဘောလား...?

ဖြူစင်တဲ့ မင်းလေး
နောက်တစ်ခါ ဒီလိုမဖြစ်အောင်
ငါဆုတောင်းပေးရုံကလွဲလို့
ဘာမှမတတ်နိင်ခဲ့ဘူး ကောင်မလေးရယ်....

တကယ်တော့ .......
ငါကမင်းကို အဝေးကပဲ
ခိုးကြည့်ခွင့် ရှိခဲံတဲ့ ကောင်လေ......


တေလေ။