Saturday, October 20, 2007

သတိရမိပါတယ်




ကျွန်မကို မွေးဖွားခဲ့တာကတော့ တောင်ပေါ်မြို့လေး တစ်မြို့ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လေးမှာပါ။ ဆောင်းနှင်းတွေ ဝေနေတဲ့ နိုဝင်ဘာလ လေးမှာပါ။ ဆောင်းတွင်းမှာ မွေးခဲ့လို့ပဲလားတော့
မပြောတတ်ဘူး.... ဆောင်းရနံ့တွေကို မြတ်နိုးမိတာကတော့ အ မှန်ပဲ။ အခုလိုကိုယ့်မြို့နဲ့ ကိုယ်ဝေးနေတဲ့ အချိန်မှာတော့ ချမ်းချမ်းအေးအေး ရာသီဥတုကြားမှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြိုဆိုတတ်တဲ့ ဇာတိမြေလေးကို အလွန်ပဲသတိရမိပါတယ်။လွမ်းရအောင်လည်း သာယာလွန်းတဲ့ မြို့လေးပါ။ ဒါကြောင့် ဝေေ၀ဆာဆာနဲ့ သာယာလှပနေတဲ့ ကျွန်မတို့ ရှမ်းပြည်လေးကို သူခယ်ချင်းတို့ လာခဲ့ဖို့ အပြုံးနဲ့ ဖိတ်ခေါ် လိုက်ပါတယ်..........