Saturday, June 28, 2008

ကောင်လေးသို့

မဆုံရတဲ့နေ့တွေမှာ
အလွမ်းစိတ်တွေ အုံ့မှိုင်းလို့
ငေးငေးငိုင်ငိုင် နဲ့ပေါ့.......

ဆုံရတဲ့နေ့တွေမှာလည်း
ထိန်းမရတဲ့
ရင်ခုန်သံ စည်းချက်တွေနဲ့
မင်းမျက်နှာကို ခိုးခိုးကြည့်ခဲ့ရတာ
အမောပဲ ကောင်လေးရေ......

မင်းရဲ့ အပြုံးလေးတွေကို
အိမ်မက်ထဲအထိ
လက်ဆောင်အဖြစ် ယူသွားချင်လို့
မင်းရဲ့ စာသင်ခန်းဘေးမှာ
စွန်တစ်ကောင်လို ရစ်ဝဲနေတတ်တဲ့
ကောင်မလေး တစ်ယောက်ရဲ့
မျက်ဝန်းတွေကို
မင်းက ဥပေက္ခာ ပြုနိုင်ပေမဲ့လည်း
ကောင်မလေးက
ကျေနပ်နေတတ်ခဲ့ပါတယ်
ကောင်လေးရေ။


အလင်းရိပ်။





Wednesday, June 18, 2008

ွနှစ်ချို့တေး

ပြန်တွေးလိုက်တိုင်း
ဟောင်းနွမ်းမသွားသေးတဲ့
အလွမ်းဇတ်လမ်းလေး တစ်ပုဒ်ပါ။

ချစ်သူကို
စွန့်လွှတ်လိုက်ရတဲ့အပြင်
လူတွေအမြင်မှာ
ဗီလိန်ဖြစ်ခဲ့ရတဲ့ ငါဟာ
အရှုံးနှစ်ခုကို ပိုင်ဆိုင်ရပေမဲ့
နင့်ကို မမုန်းရက်
မမေ့ရက်နိုင်ခဲ့တာ
ငါ့အတွက်
နှစ်ချို့ အလွမ်းတေး တစ်ပုဒ်လို
ရင်ကိုလာလာ ရိုက်ခတ်နေတာ
နှစ်ချို့နေပြီချစ်သူ။



အလင်းရိပ်။