Friday, December 14, 2007

ခေါင်းစဉ်ပေးဖို့ ဆိုတာကို မတွေးမိခဲ့ဘူးဗျာ............

ဆယ်တန်းဖြေပြီး ၄လပိုင်းကတည်းက ရန်ကုန်ရောက်နေတဲ့ ကျွန်မ
အခုတော့ major တွေလဲကျလာပြီမို့
ပြန်ရတော့မယ်.....................
ပြန်ရတော့မယ်ဆိုတော့လည်းရန်ကုန်မြို့ ကြီးကိုပဲ လွမ်းသလိုလို..........
အဆောင်မှာ မတဲ့ပေမယ့် ခင်ရတဲ့ အစ်မတွေကိုပဲ လွမ်းမိသလိုလို......... :D
အစကတော့ ရန်ကုန်ကို မလာချင်ပဲ ရောက်ခဲ့တဲ့ ကျွန်မ .....
အခုတော့ မပြန်ချင်ဖြစ်နေပါပြီ......
အဆိုးဆုံးကတော့ ကျွန်မနဲ့ အတူတူ တစ်ခန်းနေတဲ့ ကျွန်မရဲ့ အစ်မအရင်းနဲ့ ခွဲခွာရတော့မယ်ဆိုတော့....
ဝမ်းနည်းမိတာမှ အရမ်းပဲ॥
ညညဆို ညီမနှစ်ယောက် မအိပ်ဘဲ ပေါက်တတ်ကရတွေပြော ဟာသတွေပြောနဲ့
အဲ့လိုညလေးတွေကိုလည်းလွမ်းတယ်ဗျာ....
စိတ်တိုရင်အော်တတ်တာလေးကလွဲလို့ ကျွန်မအပေါ်ညှာတာပြီး အစ်မကောင်းပြီသတဲ့ ကျွန်မရဲ့ အစ်မ
ညညဆိုပူလို့ စောင်ကန်ပြီး အေးရင်ကွေးကွေးလေး အိပ်တတ်တဲ့ ကျွန်မကို စောင်အမြဲ ခြုံပေးတတ်တဲ့ ကမန်မရဲ့အစ်မ
မိဘကိုစိတ်ချမ်းသာစေချင်တဲ့ ကျွန်မရဲ့ အစ်မကို
ကျွန်မ ဒီဘလော့ကနေ ကန်တော့လိုက်ပါတယ်..................

ငွေနှင်းတိမ်



No comments: