Friday, July 18, 2008

သူ

ငါ့အပေါ် အရိပ်ကျလာတဲ့
အချစ်စိတ်တွေပါလား
တားမရ ဆီးမရ ချစ်ခြင်းနဲ့
မင်းပစ်ခွင်းလိုက်တဲ့
မြှားတစ်စင်းက
ငါ့ရင်မှာ တည့်တည့်ထိမှန်လို့
ငါ့နှလုံးသား ငါပြန်ချုပ်ဖို့ ခက်ပြန်ပြီကော။


လေလွင်ရိုး။

လောကကြီးသို့

လောကကြီးရေ............

အချစ်တို့ဖြင့် အရာရာလှနေမည်ဟု ထင်ပါသလား။ အချစ်ကြောင့်လူတွေ အသည်းကွဲရတယ်၊ ပျော်ရွှင်ရတယ်။ မုန်းရတယ်၊ လွမ်းရတယ်၊ ဆွေးရတယ်.......
ငါ့ဆီကို ဘယ်တုန်းကမှ ရောက်မလာခဲ့တဲ့ အချစ်ရေ ဘယ်တော့မှ ပြန်လာမလဲဟင်.......?
မျှော်လင့်ချက်တွေ အဆုံးမဲ့ခဲ့ပြီလား?
နင်တစ်ယောက်တည်းပဲ သိခွင့်ရမဲ့ စကားလေးတွေ ငါပြောချင်သေးတယ်....
' မိန်းကလေးဆိုရင် ' ဆိုတဲ့ ပညတ်ချက်တွေသာ မရှိရင် ငါနင့်ကို...............။
ငါလေ ရူးသွပ်စွာတော့ မချစ်ပါဘူး။ ဒါပေမယ့် ရူးလောက်အောင်တော့ လွမ်းနေရတယ်................
လွမ်းနေရတဲ့ ငါ့ဘ၀ဟာ လှနေလား.... ?
ရုပ်ဆိုးနေလား......?
သေချာတာကတော့ အချစ်ကြောင့်ပဲလေ။


လေလွင်ရိုး။